သင်္ကြန်ဖက်ရှင် အမိုက်စား တွဲစပ်ကြရအောင်

ဘာလိုလိုနဲ့ ဧပြီလလေးကို ရောက်လာခဲ့ပြန်ပါပြီ။ ဒီနှစ်သင်္ကြန် မဏ္ဍပ်တွေအကြောင်း စိတ်ဝင်စားစရာ သိပ်သတင်းမထွက်ပေမယ့် Festival တွေကတော့ အများကြီးရှိနေတဲ့အတွက် သူငယ်ချင်းတွေနဲ့ပဲ အတူတူ အုန်းလက်မဏ္ဍပ်လေးလုပ်ပြီးရေပက်ပက်၊ မဏ္ဍပ်ပဲသွားသွား၊ Festival မှာပဲသောင်းကျန်းသောင်းကျန်း သင်္ကြန်မှာ ဘာလေးဝတ်ရင်ကောင်းမလဲ ဆိုပြီး ခေါင်းစားနေကြရတဲ့ ပျိုမေတွေကို ဖက်ရှင်အကြံဥာဏ်လေးတွေ ပေးလိုက်ပါတယ်။
(၁) သင်္ကြန်နဲ့အလိုက်ဖက်ဆုံး jean ဖက်ရှင်ကို ပထမဆုံး စဉ်းစားကြည့်ပါ။

Copyright:
သင်္ကြန်လို့ဆိုလိုက်ရင် အကြမ်းအခံဆုံးနဲ့ အဆင်အပြေဆုံးကတော့ jean ဖက်ရှင်ပါ။ အဲ့ဒီလို ပြောလိုက်လို့ jean ကပျင်းစရာကြီးလို့တော့ မထင်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ခုနောက်ပိုင်းခေတ်စားနေတဲ့ jean jacketတွေ၊ ဘောင်းဘီတို၊ အရှည်စတာတွေမှာ ပန်းပွင့် ပန်းခက် floral ဒီဇိုင်းလေးတွေ ထိုးထားတဲ့ Embroidered jean တွေက မြင်ရတဲ့ သူငေးသွားစေ မှာ သေချာတယ်နော်။ သင်္ကြန်ပါဆိုမှတော့ ဘယ်သူကတော့ ၀တ်နေကျ ဂျင်းဘောင်းဘီမျိုး ဂျက်ကတ်မျိုးတွေ ၀တ်ချင်မှာလဲနော်။ အဲ နောက်တစ်ခုကတော့ jean မှာပဲ စတစ်ကာဒီဇိုင်းဆန်းတွေနဲ့ အလှဆင်ထားတာ၊ ဒါမှမဟုတ် patch တွေနဲ့ ကပ်ချုပ်ထားတာတွေလည်း မိုက်တာပါပဲ။
(၂) လည်သာကလည်း သင့်ကို သူများတွေနဲ့ ကွဲထွက်နေစေပါလိမ့်မယ်။

Copyright:
လည်သာဘောင်းဘီ၊ စကတ်၊ ဂျက်ကတ်တွေကလည်း ရိုးမလိုလိုနဲ့ ဆန်းနေသေးတာပါပဲ။ လည်သာကို အနက်ရောင်အပြင် အခြားအရောင်ဆန်းတွေ ရွေးချယ် ၀တ်ဆင်နိုင်သေးတယ်နော်။
(၃)Bomber Jacket တွေနဲ့ ရေစိုခံမိုကာသား ဂျက်ကတ်တွေကလည်းမိုက်တာပဲနော်။

Copyright:
Bomber Jacket တွေ ခေတ်စားတုန်းက ၀ယ်ထားပြီး ဘယ်နှစ်ခါဝတ်ထားပြီးပြီလဲ။ တန်အောင် သင်္ကြန်မှာ ၀တ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ သူက သင်္ကြန်နဲ့လည်း လိုက်ဖက်သလို ၀တ်ရတာလည်း အဆင်ပြေမှာ သေချာပါတယ်။ မိုကာသား metallic ပါတဲ့ jacket လေးတွေကလည်း အရောင်စိုစိုလေးတွေနဲ့ ချစ်စရာကောင်းပါတယ်။ ဒါကြီးက ကြောင်ကြောင်ကျားကျားနဲ့မို့ မ၀တ်ရဲဘူးလို့တော့ မတွေးပါနဲ့။ ခုဝတ်မယ့်အချိန်အခါက သင်္ကြန်ဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ။ လူကြည့်လေ မိုက်လေပဲ။
(၄)ငွေရောင်တောက်တောက် Metallic ဒီဇိုင်းတွေကိုလည်း မေ့မထားပါနဲ့။

Copyright:
သင်က ပြောင်ပြောင်လက်လက်တွေ သဘောကျသူဆိုရင် Metallic ဒီဇိုင်းတွေမှ ရွေးစရာအများကြီးပါ။ သူက အကျီ၊ စကတ်၊ ဘောင်းဘီတွေအပြင် အိတ်တွေပါ ထွက်တာနော်။ သူက သင်္ကြန်နဲ့ဆို ကွက်တိပါပဲ။
(၅) Hoodie အပွကြီးတွေ၊ Crop လေးတွေကလည်း ချစ်စရာကောင်းတဲ့အပြင် သင်္ကြန်ဖက်ရှင်ပါပဲ။

Copyright:
နှစ်စဉ်နှစ်တိုင်း ပျိုမေတွေ ရွေးချယ်တဲ့အရာတွေထဲမှာ သင်္ကြန်အတွက်ဆို Hoodie ကတော့ မပါမဖြစ်ပါပဲနော်။ တစ်ချို့ဆို ချစ်ချစ် ၀တ်ထားတဲ့ Hoodie ကို ကောက်စွပ်ပြီး အထာကျနေကြသေးတာ။ Hoodie က တအားကြီးလည်း စိတ်မပျက်ပါနဲ့။ ဒါအထာကျပါတယ်။ ဒါပေမယ့် Hoodie ၀တ်ထားရင်တော့ ဖြစ်နိုင်ရင် ဖိနပ်ကို ဒေါက်တွေဘာတွေ မစီးပါနဲ့။ sneaker တွေ၊ boot တွေသာ ဆင်မြန်းကြဖို့ တိုက်တွန်းချင်ပါတယ်။ ခုဆို Hoodie ကိုမှ Crop လုပ်ထားတဲ့ ခါးအတိုလေးတွေ လည်း ပေါ်လာပြီဆိုတော့ ဘောင်းဘီတိုနဲ့ ဖြစ်ဖြစ်၊ ဘောင်းဘီရှည် နဲ့ဖြစ်ဖြစ် အဆင်ပြေသလို တွဲဝတ်နိုင်ပါတယ်။ ခါးလွတ်နေမှာ ကြောက်တယ်လား။ ဒါဆို မကြာသေးခင်ကမှ ခေတ်စားထားတဲ့ fish net လေးကို ဘောင်းဘီအောက်က ခံဝတ်လိုက်ပေါ့။ ပြီးရင် လွတ်နေတဲ့ ခါးနေရာထိ ဆွဲတင်ဝတ်ထားလိုက် မိုက်ပြီးသားနော်။
(၆) Graphic tee တွေ band T-shirt လေးတွေကလည်း ဒီနှစ်ခေတ်စားဦးမှာပါပဲ။

Copyright:
AC/DC ဒီဇိုင်းတွေ၊ KISS လို band T-shirt လေးတွေရှိပြီးသားဆို အောက်ကနေ လည်သာဘောင်းဘီ၊ စကတ်၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီထည် ထည့်ဝတ်သွားလိုက်ပါ။ဒါ့အပြင် အဲ့ဒီလို တီရှပ်တွေကိုမှမှိုပွင့်ဒီဇိုင်းတွေလည်း ရှိတာမို့ရေစိုလိုက်လည်း ဆက်အထာကျနေမယ့် ဒီဇိုင်းပဲနော်။
(၇)crop top အကျပ်လေးတွေကလည်း သင့်ကိုယ်လုံးအလှကို ပေါ်လွင်နေစေပါလိမ့်မယ်။

Copyright:
ချစ်တို့ထဲမှာ မိန်းကလေးဆန်ဆန်လေး ၀တ်ချင်တယ်၊ ကိုယ်လုံးအလှပေါ်လွင်တဲ့ ဖက်ရှင်မျိုး ၀တ်ချင်တယ်ဆို crop top လေးကိုမှ ကိုယ်နဲ့ကွက်တိဖြစ်မယ့် ဒီဇိုင်းမျိုးလေးနဲ့ ဘောင်းဘီတို၊ ဘောင်းဘီရှည်ကို ရွေးချယ် ၀တ်ဆင်လိုက်ပါ။
(၈) Slip Dress တွေနဲ့ ကတ္တီပါသား dress တွေကိုလည်း သင်္ကြန်မှာ အဆင်ပြေသလို တွဲဖက်နိုင်ပါသေးတယ်။

Copyright:
မကြာသေးခင်က ခေတ်စားထားတဲ့ Slip Dress တွေကို ပိုးသား၊ဖဲသား မဟုတ်ပဲ တခြားအသားမျိုးတွေနဲ့ဆိုရင် သင်္ကြန်အတွက် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်နော်။ ဒီအတိုင်းပါပဲ။ ကတ္တီပါသားတွေကလည်း သင်္ကြန်ရေစိုသွားတဲ့အခါ အရောင်လေးတွေပြောင်းပြီး အထာကျပါလိမ့်မယ်။ ဒီတော့ အဲ့ဒီလို ဒီဇိုင်းမျိုးတွေ ရွေးချယ်ထားတယ်ဆိုရင်လည်းမိုက်တယ်လို့ ပြောပါရဗစ။
(၉) အရောင်ဆန်းတွေ၊ ခပ်ရှုပ်ရှုပ်လေး ၀တ်ချင်တဲ့ပျိုမေတွေ ချသာချလို့ တိုက်တွန်းပါရစေ။

Copyright:
ကာလာပန်းရောင်တွေ၊ ခရမ်းတွေ၊ နှစ်ရောင်သုံးရောင်စပ်တွေ၊ ဒါ့အပြင် ဆံပင်ကာလာအလန်းတွေက လည်း သင်္ကြန်ရဲ့ပြယုဂ်တစ်ခုပါပဲ။ ဒါ့ကြောင် ဆံပင်အရောင်တွေနဲ့ အကျီကာလာတွေ ရောထွေးရှုပ်ကုန်မလားဆိုပြီးတော့ စိုးရိမ်စရာမလိုပါဘူး။ ဒါ သင်္ကြန်အချိန်မှာသာ ၀တ်ရတာမို့ ၀တ်သာဝတ်ပစ်ပါ။
(၁၀) လိုအပ်တဲ့အဆင်တန်ဆာတွေကို မဖြစ်မနေယူသွားပါ။

Copyright:
သင်္ကြန်အချိန်အခါက နေပူရှိန်အရမ်းပြင်းတာ အားလုံးအသိပါ။ ဒီတော့ ဖြစ်နိုင်ရင် လက်ပြတ်ထက် အပေါ်က တစ်ထပ်လောက်ပါတာ ကောင်းပါတယ်။ မျက်မှန်၊ ဦးထုပ်စတာတွေကလည်း မဖြစ်မနေ ယူသင့်တဲ့အရာတွေပေါ့။ ဖုန်းရေစိုခံအိတ်တွေဘာတွေကိုတော့ အထူးတလည် သတိပေးစရာ မလိုတော့ဘူးနော်။ ၀ါသနာပါရင် လည်ပင်းမှာ chocker တွေသာမက၊ ဆံပင်မှာ ဖဲပြား၊ ကလစ်၊ ပိုက်ဆံလွယ်အိတ် အမိုက်စားလေးတွေလည်း လွယ်နိုင်ပါသေးတယ်နော်။
တစ်ခုပဲ သတိပေးချင်တာပါ။ လွတ်လွတ်လပ်လပ်သွားရလာရ အဆင်ပြေအောင်၊ သိပ်တိုလွန်းတာတွေ မ၀တ်ဖို့ပါပဲ။ နောက်တစ်ချက်က စကတ်ထက် ဘောင်းဘီက ချစ်တို့ကို ပိုလွတ်လပ်ပေါ့ပါးစေပါလိ့မ်မယ် ဒါ့ကြောင့် ဖြစ်နိုင်ရင် တအားတိုလွန်းတဲ့ dress တွေ၊ စကတ်မျိုးတွေ မ၀တ်ဖို့ပါပဲ။ ဖိနပ်ကတော့ ကိုယ်ဝတ်မယ့် အ၀တ်အစားပေါ်မူတည်ပြီး လိုက်ဖက်တဲ့ sneaker၊ boot၊ ကြိုးသိုင်းဖိနပ်အပါးလေးတွေ အဆင်ပြေတာသာ ၀တ်သွားပါ။ ဒေါက်မြင့်တွေကတော့ သောင်းကျန်း မယ်ဆို သိပ်အဆင်မပြေပါဘူး။ ဒီလောက်ဆိုရင်တော့ သင်္ကြန်အတွက် ဘာတွေရွေးချယ်တွဲစပ်ရမယ်ဆိုတာ အိုင်ဒီယာရလောက်ပြီလို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အတာသင်္ကြန်ကို စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းရင်း နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ကြိုနိုင်ကြပါစေရှင်။
Ref:I am Fashion facebook page
သင်္ကြန်ဖက်ရှင် အမိုက်စား တွဲစပ်ကြရအောင်
Reviewed by Unknown
on
April 09, 2017
Rating:
No comments: