https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

ဆေးရုံ ၂ ခါတက်ခဲ့ရတဲ့ ဂန္တ၀င် ဘောလုံးသမား Pele ပြန်လည် ကျန်းမာလာ


 ကမ္ဘာကျော် ဂန္တ၀င် ဘောလုံးသမား ဘရာဇီးသား Pele ဟာ ပြန်လည် ကျန်းမာလာပြီဖြစ် တဲ့အတွက် လာမယ့်ရက် အနည်းငယ်အတွင်းမှာ ဆေးရုံကဆင်းတော့မယ်လို့ Pele ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။
The Albert Einstein ဆေးရုံက သတင်းထုတ်ပြန်ထားတာတော့ အသက် ၇၄ နှစ် အရွယ် ဘောလုံးသမား Pele ဟာ အခြေအနေ မတည်ငြိမ်တဲ့အတွက် အထူးကုသဆောင်ကို ပြောင်းရွှေ့ထားတယ် လို့ဆိုပေမယ့် Pele ရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေကတော့ Pele ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ အခိုင်အမာဆိုနေကြပါတယ်။
အဓိက ပြသနာကတော့ ကမ္ဘာကျော်ဘောလုံးသမား ရှိရာဆေးရုံကို လာရောက်တွေ့ဆုံသူတွေ များပြားနေပြီး အကူအညီ မရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Pele ကိုဆေးရုံကို ပိုပြီး ငြိမ်သက်မယ့်နေရာကို ပြောင်းရွှေ့ပေးပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူစေခဲ့ရတယ်လို့ သိရပါတယ်။
Pele ဟာ ရောဂါကူးစက်မှု တစ်ခုကြောင့် ဆေးရုံတက်ခဲ့ရခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကလည်း ထိုဆေးရုံမှာပဲ ကျောက်ကပ် အသားပို ခွဲထုတ်ဖို့ အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ Pele ဟာ ဘရာဇီးဘောလုံးအသင်းနဲ့ အတူ ၁၉၅၈ ၊ ၁၉၆၂ နဲ့ ၁၉၇၀ ခုနှစ်တို့မှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Ref:dailymail.co.uk

ဆေးရုံ ၂ ခါတက်ခဲ့ရတဲ့ ဂန္တ၀င် ဘောလုံးသမား Pele ပြန်လည် ကျန်းမာလာ ဆေးရုံ ၂ ခါတက်ခဲ့ရတဲ့ ဂန္တ၀င် ဘောလုံးသမား Pele ပြန်လည် ကျန်းမာလာ Reviewed by Unknown on April 09, 2017 Rating: 5

No comments:

FBADS

Powered by Blogger.