https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

ရှေ့နေဇာတ်ရုပ်နဲ့ တွေ့ရမယ့် မေဘရဏီသော်

 ‘ပန်းနှစ်ပွင့်စီးချင်း’ ဇာတ်လမ်းတွဲကို ဇာတ်လမ်းပုံစံ ဆန်းသောကြောင့် လက်ခံရိုက် ကူးခဲ့ခြင်းဖြစ်ပြီး ရှေ့နေပုံစံဖြင့် သရုပ်ဆောင်နေကြောင်း မေဘ ရဏီသော်က ပြောသည်။
‘‘ဒီကားရိုက်ဖြစ်တာက ပြည် ထောင်စုသစ္စာက စရမှာပေါ့။ ပြည်ထောင်စုသစ္စာမှာ ဇာတ်ညွှန်းကိုမင်းခိုက်စိုးစံ၊ အခုကားက လည်း ဒါရိုက်တာကိုမင်းခိုက်စိုးစံ ဆိုတော့ ရိုက်ဖြစ်သွားတာ။ ဇာတ် လမ်းပုံစံလေးကလည်း ဆန်းလို့ လက်ခံဖြစ်တာပါ’’ဟု ယင်းဇာတ် လမ်းတွဲရိုက်ကူးဖြစ်သည့်အ ကြောင်း ပြောသည်။
မေဘရဏီသော်က သရုပ် ဆောင်အနေဖြင့် (၇၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ် လမ်း ‘ပြည်ထောင်စုသစ္စာ’တွင် ပထမဆုံးပါဝင်ရိုက်ကူးခဲ့သည်။
ယင်းဇာတ်ကားတွင် မေဘရဏီသော်က ရှမ်းခေါက်ဆွဲရောင်းသည့် ကလေးတစ်ယောက် အမေ မုဆိုးမနေရာမှ သရုပ် ဆောင်ခဲ့ပြီး ပထမဆုံးရိုက်ကူးခြင်းဖြစ်သောကြောင့် အခက်အခဲများရှိသည်ဟု ပြောကြားထား သည်။
‘‘ဒီကားကလည်း ပထမအစ တော့ တော်တော်ခက်ခဲပါတယ်။ စကားပြောရတာ တစ်လုံးနဲ့ တစ် လုံးအကြာကြီးပဲ။ နောက်ပိုင်းကျ တော့ရှေ့နေဆိုတော့ စကား လည်း ပိုပြီးများများပြောရတယ်။ လျှောက်လဲချက်တွေလည်း ပါ တော့ စကားများများပြောရတော့ နောက်ပိုင်းအခန်းတွေကတော့ အဆင်ပြေသွားပါတယ်’’ဟု ၎င်း က ပြောသည်။
ရှေ့နေတစ်ယောက်ပုံစံ သရုပ်ဆောင်ရခြင်းဖြစ်သော ကြောင့် ဥပဒေနှင့် ဆိုင်သည့်စ ကားပြောများ လေ့ကျင့်ရသကဲ့သို့ ရှေ့ နေတစ်ယောက်၏ လေယူလေသိမ်းရရန်လည်း လေ့ကျင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘ပန်းနှစ်ပွင့်စီးချင်း’ ဇာတ် ကားတွင် မေဘရီသော်နှင့်အတူ ကိုကိုလင်းမောင်၊ စိုးရန်အောင်၊ မာကို၊ ထူးမွန်နှင့် ပိုင်ဖြိုးသုတို့ ပါ ၀င်သရုပ်ဆောင်ထားကာ ဇာတ် လမ်းတွဲအပိုင်း ၃၀ ရိုက်ကူးမည် ဟု ၎င်းကဆိုသည်။
‘‘ကျန်တာတွေတော့ လက်ခံ မထားပါဘူး။ ဒီဥစ္စာတစ်ခုကိုပဲ။ ကိုယ့်အတွက်လည်း ပညာသင်ယူ နေသလို ဖြစ်တယ်။ အဲဒါကြောင့် အာရုံစိုက်ချင်လို့ ဒီတစ်ခုပဲ လက် ခံထားတာပါ’’ဟု သရုပ်ဆောင် ပိုင်းနှင့်ပတ်သက်၍ မေဘရဏီ သော်က ပြောသည်။
ရှေ့နေဇာတ်ရုပ်နဲ့ တွေ့ရမယ့် မေဘရဏီသော် ရှေ့နေဇာတ်ရုပ်နဲ့ တွေ့ရမယ့် မေဘရဏီသော် Reviewed by Unknown on April 10, 2017 Rating: 5

No comments:

FBADS

Powered by Blogger.