ဒေါ်ခင်ဝင်းသေနတ်ပစ်ခံရတဲ့အကြောင်း ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကား

‘နာမည်တွင်ကျန်ရစ် မယ်’ ရုပ်ရှင်ဇာတ်ကားတွင် လယ် သိမ်းခံ တောင်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ပြီး လက်ပံ တောင်းဒေသ၌ သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ဖြစ် စဉ်ကို ထည့်သွင်းရိုက်ကူးထား ကြောင်း ထွန်းအိန္ဒြာဗိုက ပြော သည်။
‘‘လက်ပံတောင်းရယ်လို့ ရိုက်တာတော့ မဟုတ်ဘူး။ ကုမ္ပ ဏီတွေဝင်လာတော့ ဓားမဦးချ လုပ်လာတဲ့ လယ်သမားတွေရဲ့ လယ်တွေကို သိမ်းချင်တိုင်း သိမ်း တဲ့ကိစ္စတွေ၊ မခင်ဝင်းရဲ့ပလော့တ် တစ်ခုကိုတော့ယူထားတယ်။ သေနတ်အပစ်ခံရပြီး သေသွားတာကို။ အားလုံးကတော့ မခင်ဝင်းအ ကြောင်း ရိုက်တာတော့မဟုတ်ပါ ဘူး။ ပလော့တ်လေးတွေ ဟိုယူဒီယူနဲ့ ဒီခေတ်ကို ထင်ဟပ်တဲ့ဇာတ်ကားလေးပါ’’ ဟု ၎င်းက ပြောသည်။
အဆိုပါဇာတ်ကားကို နေပြည်တော်ရှိ ရွာတစ်ရွာတွင် သွားရောက်ရိုက်ကူးခဲ့ပြီး ထွန်းအိန္ဒြာဗို နှင့်အတူ ခန့်စည်သူ၊ ဇေရဲထက်နှင့် အိချောပိုတို့ ပါဝင်သရုပ် ဆောင်ထားသည်။
‘‘ကျွန်မက လယ်သူမကြီး ပေါ့။ ကျွန်မလယ်လည်းပါသွား တော့ ကျွန်မက ဦးဆောင်ပြီး ကျိန်စာတိုက်တာတို့၊ ကိုယ်တတ်နိုင် သလောက် ပြန်တုံ့ပြန်တာတို့ လုပ်တယ်။ နောက်ဆုံးကျတော့ Security တွေနဲ့ သေနတ်ပစ်တော့ ကျွန်မကို မှန်ပြီး သေသွားတာ’’ ဟု ထွန်းအိန္ဒြာဗိုက ပြောကြားသည်။
နယ်ဒေသတွင် သွားရောက် ရိုက်ကူးခြင်းဖြစ်သောကြောင့် ဒေ သခံများ၏ပုံစံ ပြင်ဆင်ရိုက်ကူး ခြင်းဖြစ်ပြီး ရိုက်ကူးဖူးသည့် ဇာတ် ရုပ်ပုံစံဖြစ်သဖြင့် ပြင်ဆင်မှုပိုင်း နှင့်ပတ်သက်၍ အခက်အခဲ မရှိ ကြောင်း ၎င်းက ပြောသည်။
ယင်းဇာတ်ကားရိုက်ကူးပြီး ပါက မန္တလေးမြို့သို့ သင်္ကြန်ဖျော် ဖြေရေး သွားရောက်မည်ဖြစ်ပြီး မနော်ရမ္မံကွင်းတွင် ပြုလုပ်မည့် လူငယ်သင်္ကြန်ပွဲတော်၌ ပါဝင် ဖျော်ဖြေမည်ဟု ၎င်းက ပြောကြား သည်။
ဒေါ်ခင်ဝင်းသေနတ်ပစ်ခံရတဲ့အကြောင်း ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကား
Reviewed by Unknown
on
April 10, 2017
Rating:
No comments: