ပျိုပျိုအိုအို ကျား/မ မရွေးဖတ်ကြည့် မှတ်သားစရာ

ကောင်းလိုက်တဲ့စာ. ခုခေတ် အပျိုလေးတွေကို ပြောထားတာ ပြန်လည်မျှဝေတာပါ (ဖတ်ကြည့် မှန်လွန်းလို့)
ခေတ်ကိုက*ရှယ်သွားပေးပါဦး* အပျိုလေးတွေဖြစ်ရဲ့သားနဲ့ Fb မှာ မပီကလာပီကလာ ဆဲနည်းမျိုးစုံဆဲမှခေတ်မှီတယ်ထင်နေကြတယ်
အပျိုလေးတွေဖြစ်ရဲ့သားနဲ့fbမှာ၇ ဘဲနဲ့ပလူးပလဲပုံတွေတင်တာကိုထမင်းစားရေသောက်ဖြစ်နေကြတယ်
အပျိုလေးတွေဖြစ်ရဲ့သားနဲ့ ဘဲနဲ့hotelမှာအိပ်နေတဲ့ပုံတွေတင်ပြီးရှက်ကြော ပျက်နေကြတယ်
အပျိုလေးတွေဖြစ်ပြီး မယူရသေးတဲ့ဘဲကို ယောကျာင်္းချင်းမွှန်နေအောင်ခေါ်ရတာကိုအရသာတွေ့ သူများအထင်သေးနိုင်တာကိုမေ့နေကြတယ
် အပျိုလေးတွေဖြစ်ပြီး living together နေတာကို လန့်ရမှန်းမသိ မိဘမျက်နှာ အိုးမဲသုတ်နေကြတယ်
အပျိုလေးတွေဖြစ်ပြီး ရည်းစားတွေ ဟောတယောက် ဟောတယောက်ထားတာကို ဂုဏ်ယူစရာ ထင်ပြီးကြော်ငြာနေကြတယ်
အပျိုလေးတွေဖြစ်ပြီး ကိုယ့်တန်ဖိုး ကိုယ့်သိက္ခာ ကိုယ့်အရှက်တရား တွေမဲ့ပြီးမိဘမျက်နှာမထောက်တာဟာ ကိုယ့်ဘ၀ကိုယ်ဖြတ်ဆီးနေတာပါလားလို့ မတွေးကြတော့ဘူးး
မှတ်ထားစမ်းပါ မိန်းမပျိုလေးတွေရယ် fb မှာ အဆဲနည်းမျိုးစုံဆဲတာခေတ်မှီတာမဟုတ်ဘူး ဘယ်လူကြီးလူကောင်း ဘယ်အသိုင်းအ၀ိုင်းကမိဘကမှ ဆဲတာကိုမကြိုက်ဘူး အယုတ္တအနတ္တဆဲတဲ့မိန်းကလေးတွေကိုဆိုလည်းအပေါစားမိန်းမလို့သတ်မှတ်မှာ
မှတ်ထားပါ မိန်းမပျိုလေးတွေရယ် ဘဲနဲ့ပလူးပလဲပုံတွေတင်ပြီးး သူနဲ့မယူဖြစ်ရင် နောက်ထပ်ဘယ်ယောကျာင်္းကောင်းက တန်ဖိုးထား နွားကျခံပြီးယူရဲမှာလဲ ယူတယ်ပဲထား မင်းစော်ကို ငါဘယ်လိုလုပ်ခဲ့ပြီးသားပါလို့ပြောခဲ့ရင် မင်းတို့ဘ၀ စုတ်ပြတ်သွားပြီ
မှတ်ထားစမ်းပါ မိန်းမပျိုလေးတွေရယ် ဘယ်ယောကျာင်္းမဆို သူတို့ကသာ နေချင်သလိုနေမယ် သူတ်ု့ယူတဲ့မိန်းမက တခါမှရည်းစားမထားဘူးပဲ သန့်စင်နေလေ ပိုတန်ဖိုးထားလေပဲ အတည်ယူမယ့် မိန်းမမတွေ့ခင် စမ်းသပ်ခံ ခြေဆေးရေတော့ အဖြစ်မခံကြပါနဲ့ ကိုယ့်တန်ဖိုးကိုသိမှ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှ သူများက တန်ဖိုးထားမှာပါ
မှတ်ထားစမ်းပါ မိန်းမပျိုလေးတို့ရယ် ထမင်းဟင်းမချက်တတ်တာ မင်းအပြစ်မဟုတ်ပေမယ့် မိန်းကလေးဖြစ်ပြီး ထမင်းဟင်းမချက်တတ်တာကိုဂုဏ်ယူနေမယ်ဆိုရင် မင်းအရည်အချင်းမရှိတာကိုပြနေသလိုဖြစ်သွားပြီ ဘယ်သူမှမွေးကထဲက ထမင်းမချက်တတ်ဘူး အိမ်မှုကိစ္စနိုင်နင်းရင် ငွေမရှာနိုင် အလုပ်မရှိဘူးဆိုရင်တောင် မင်းက အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်နိုင်ပါသေးတယ် အိမ်ထောင်တခုမှာ အိမ်ထောင်ရှင်မက အရေးကြီးဆုံးအခရာပါ စီးတဲ့ရေကို ဆယ်တဲ့ကန်သင်း ဆိုတဲ့စကားပုံကအလကားပေါ်ခဲ့တာမဟုတ်ဘူး
မှတ်ထားစမ်းပါ မိန်းမပျိုတို့ရယ် ကိုယ့်တန်ဖိုးကိုသိမှ တန်ဖိုးရှိမှာပါ တန်ဖိုးကြီးကြီးဝယ်သောက်ခံရတဲ့ရေသန့်ပဲအဖြစ်ခံပါ လမ်းမှာခြေ၀င်ဆေးခံရတဲ့ ရေမြောင်းထဲကရေမဖြစ်ကြပါစေနဲ့ တစ်ဘ၀စာအတွက် အမျိုးဖြတ်ဘာသာဖြတ် သာသနာဖြတ်တွေမလုပ်ကြပါနဲ့ ကိုယ်စိုက်ပျိုးထားတဲ့အပင်ကို ကိုယ်တိုင်ရိတ်သိမ်းရမှာပါ ခေတ်ကိုလွှဲမချကြပါနဲ့ကွယ် အပျိုစင်မိန်းကလေးဆိုတာ အရှက်နဲ့လူလုပ်တာ အသက်နဲ့လူလုပ်တာမဟုတ်ပါဘူး အရှက်တရားမဲ့လာရင် အကြောက်တရားမဲ့လာရင်သေချာတယ် မင်းပျက်စီးနေပြီ
အမုန်းသခင်
Credit: လေနတ်သားလေး ၊မောင်သုတ(NMN)

Reviewed by Unknown
on
April 10, 2017
Rating:
No comments: