https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

အလုပ်မှာ အမှားလုပ်မိရင် စိတ်အားမငယ်ပါနဲ့ စိတ်ကိုတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ။


shared by ThiThi on 25/12/16  -  myanmarlatestnews.com  -  Job
စိတ်ဓာတ်ကျလွယ်တဲ့သူ၊ စိတ်တိုလွယ်တက်တဲ့သူဆိုတာ ကိုယ့်ရဲ့စိတ်ကို မနိုင်တဲ့သူတွေ ဖြစ်တတ်ပါတယ်။

ကိုယ့်စိတ်ကို သတိလေး နဲ့ကြည့်တက်ဖို့လိုပါတယ်စိတ်ဖိစီးမှုများလေလေ စိတ်ကိုလွတ်လပ်ခွင့်မပေးရင် စိတ်ဖိစီးမှုကပိုများလေလေဖြစ်မှာပါ။

အမြဲတမ်း စိတ်ပှုတက်တယ်ဆိုတာ မကောင်းပါ။ဘာကြောင့် စိတ်ပှုနေရလဲဆိုတာကို သေသေချာချာ အဖြေထုတ်ကြည့်ပါ။
မှားခဲ့တာကို ဖြစ်ခဲ့တာကို ပြန်မတွေးပါနဲ့.။ ကိုယ့်စိတ်ကို အပြင်ကနေ အေးအေးဆေးဆေးပြန်လေ့လာကြည့်ပါ။

ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ကိစ္စကို နှုတ်ကထုတ်ပြောကြည့်ပါ။ဒါမှမဟုတ် စာရွက်မှာရေးချကြည့်ပါ။စိတ်ထဲမှာ ပေါ့ပါးသွားမှာ အမှန်ပါ။

Diaryထဲမှာ ဘာကြောင့်အမှားကိုလုပ်ခဲ့မိသလဲ။
ဒီအမှားကနေ ဘာကိုကိုယ့်အတွက် သင်ခန်းစာရခဲ့သလဲဆိုတာကို ရေးရင်လဲကောင်းပါတယ်။ဘာကြောင့်မှားတယ်ဆိုတာကိုသိတဲ့အတွက် နောင်ဒီအမှားမျိုးကို နောက်တကြိမ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။မှားတဲ့အတွက်အမှားကနေရရှိတဲ့သင်ခန်းစာ(အကျိုး)ဆိုတာလည်းရှိပါတယ်။

သေးသေးမွှားမွှားကိစ္စလေးတွေကို ခေါင်းထဲမှာ သိပ်မထားပါနဲ့။
ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကိုခံရမှာကို ကြောက်ပြီး အမှားမခံချင်တဲ့သူမဖြစ်ပါစေနဲ့။

မှားမှာကိုကြောက်ပြီး ကြိုတွေးနေရင် လုပ်ရမဲ့ အလုပ်အသစ်ကိုလည်း လုပ်နိုင်မှာ မဟုတ်တော့ပါ။အလုပ်ကိုခိုင်းတဲ့အထက်လူကြီးက ကိုယ်ထင်ထားသလောက် ကိုယ်ကိုမရည်မှန်းထားတာများပါတယ်။
အဲဒါကြောင့် ပျော်ပျော်ပါးပါး အဆင်ပြေသွားမှာပါလို့ တွေးပြီးလုပ်ရင် အဆင်ပြေမှာပါ။

ကိုယ့်အထင်ကတော့ အမှားပင်မဲ့ အခြားလူကတော့ သူလည်းတော်တော်ကြိုးစားလာပြီပဲလို့ ထင်မြင်ချက်ပေးနိုင်ပါတယ်။
ဒါကြောင့် စဉ်းစားပုံကို နည်းနည်းလေးပြောင်းလိုက်ရုံနဲ့ အရာအားလုံးဟာပြောင်းလဲသွားနိုင်ပါတယ်။

စိတ်ပေါ့ပါးပြီး စိတ်ရွှင်လန်းဖို့အတွက်ဆိုရင်တော့ အောက်ကဟာလေးတွေကိုလုပ်ကြည့်ရင်ကောင်းမှာပါ။

၁။ ရီရီမောမောနေပါ
၂။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောဖို့ ဝန်မလေးပါနဲ့
၃။ သီချင်း နားထောင်ပြီး အပန်းဖြေပါ
၎။ အရက်ကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းသောက်ပါ (စိတ်အရမ်းပင်ပန်းတဲ့အခါ နည်းနည်းပေါ့)
၅။ စိတ်ချလက်ချ အိပ်ပါ

Happiness Is To You
Chelmo Team
အလုပ်မှာ အမှားလုပ်မိရင် စိတ်အားမငယ်ပါနဲ့ စိတ်ကိုတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ။ အလုပ်မှာ အမှားလုပ်မိရင် စိတ်အားမငယ်ပါနဲ့ စိတ်ကိုတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ။ Reviewed by Unknown on April 10, 2017 Rating: 5

No comments:

FBADS

Powered by Blogger.