မိန်းမအကြောင်း စကားနိုင်လုပြောရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ နယ် ချောင်းသာကျေးရွာအုပ်စု၊ ဂွေးချိုချောင်းဖျား တောအတွင်း၌ ၉.၄.၂၀၁၇ ရက်နေ့  ၂၂၀၀ နာရီခန့် တွင် မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်နေသူ (၃)ဦး အရက်အတူသောက်စားပြီး မိန်းမအကြောင်း စကားနိုင် လုပြောရာမှ စကားများရန်ဖြစ်ကာ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၁၀.၄.၂၀၁၇ ရက်နေ့ ၁၄၃၀ နာရီတွင် ပုသိမ်မြို့နယ်၊ ငကွကျေးရွာအုပ်စု၊ သင်တောအင်းကုန်း ကျေးရွာနေ ဦးဝင်းစိန်၊ (၅၃)နှစ်၊ (ဘ)ဦးစိန်မောင်သည် မြင်းကကွင်းကျေးရွာသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေစဉ် သင်တောအင်းကု န်းကျေးရွာနေ ခယ်မဖြစ်သူမစန်းဝင်းမှ ဖုန်းနှင့်ဆက်သွယ်၍ ချောင်းသာကျေးရွှာအုပ်စု၊ ဂွေးချိုချောင်းဖျားတော အတွင်း၌ မီးသွေးဖုတ်လုပ်ငန်းသွားရောက်လုပ်ကိုင်နေသည့် ဦးဝင်းစိန်၏ညီဖြစ်သူ မြင့်နိုင်၊ (၃၅)နှစ်၊ (ဘ)ဦးစိန်မောင် သင်တော အင်းကုန်း ကျေးရွာ၊ ငကွကျေးရွာအုပ်စု၊ ပုသိမ်မြို့နယ်နေသူမှာ အရိုက်ခံရ၍ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုမှုခံ ယူနေစဉ် ၁၀.၄.၂၀၁၇ ရက်နေ့ ၁၄၃၀ နာရီတွင် သေဆုံးသွား ကြောင်းပြောပြသိရှိရသည်။
သင်တောကုန်းကျေးရွာသို့ပြန်လာပြီး အကျိုးအကြောင်းမေးမြန်းရာ မြင့်နိုင်မှာ ဇော်မျိုးလွှင်(ခ)ဖိုးသံချောင်း၊ (၂၃)နှစ်၊ (ဘ)ဦးသန်းအေး အထပ်သားကုန်းကျေးရွှာ၊ ငကွကျေးရွှာ အုပ်စု၊ ပုသိမ်မြို့နေသူနှင့် ပွင့်လင်းအောင်၊ (၂၆)နှစ်၊ (ဘ) ဦးအောင်လွင် အထပ်သားကုန်းကျေးရွာ၊ ငကွကျေးရွာအုပ်စု၊ ပုသိမ်မြို့နေသူတို့(၂)ဦးနှင့်အတူ ဂွေးချိုချောင်းဖျား တော အတွင်း၌ မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်နေရာမှ ၉.၄.၂၀၁၇ ရက်နေ့  ၂၂၀၀ နာရီတွင် ၎င်းတို့ (၃)ဦးသည် အရက်အ တူသောက်စားပြီး မိန်းမအကြောင်း စကားနိုင်လုပြောရာမှ စကားများရန်ဖြစ်ကာ ပွင့်လင်းအောင်မှ မြင့်နိုင်အား လက် သီးဖြင့် ထိုးခြင်း၊ ဇော်မျိုးလွင် (ခ)ဖိုးသံချောင်းမှ အနီးရှိတုတ်ဖြင့် (၃)ချက်ခန့်ရိုက်သဖြင့် မြင့်နိုင်တွင် ဦးခေါင်း နောက်ေ စ့ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းနှင့်ပါးစပ်တို့တွင် သွေးများကျသည့် ဒဏ်ရာရရှိပြီး သတိလစ်နေသဖြင့် ပုသိမ်မြို့ပြည် သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ဆေး ကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြ သိရှိရပါသည်။
ဇော်မျိုးလွင်(ခ)ဖိုးသံချောင်းနှင့် ပွင့်လင်းအောင် တို့(၂)ဦအား ချောင်းသာနယ်မြေ ရဲစခန်း (ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထု တ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
မိန်းမအကြောင်း စကားနိုင်လုပြောရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်
Reviewed by Unknown
on
April 11, 2017
Rating:
Reviewed by Unknown
on
April 11, 2017
Rating:


No comments: