https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

တေးသံရှင် ၀ဏ လေယဉ်ပေါ် ဖိနပ်ချွတ်ပြီးတက်တဲ့ အကြောင်းရင်း ရှင်းပြီ

နိုင်​ငံ​ကျော်​​တေးသံရှင်​ ၀ဏ စင်္ကာပူနိုင်​ငံရှိမြန်​မာသင်္ကြန်​အတွက်​​ဖျော်​​ဖြေပွဲသို့သွားရာ​လေယဉ်​​ပေါ်သို့တက်​ရာတွင်​ ဖိနပ်​ချွတ်​တက်​ခဲ့၍ ခရီးသည်​များနှင့်​​လေယဉ်​အမှုထမ်းများ၏ ၀ိုင်းဝန်း​လှောင်​​ပြောင်​မှုကိုခံခဲ့ရ​​သော်​လည်း အပြုံးမပျက်​ဘဲ ပြန်​လည်​ရှင်းပြခဲ့ပါတယ်။


နိုင်​ငံ​ကျော်​​တေးသံရှင်​ ၀ဏ သည်​ စင်္ကာပူနိုင်​ငံရှိမြန်​မာများ၏ ဖိတ်​ကြားချက်​​ကြောင့်​ စင်္ကာပူ-မြန်​မာ သင်္ကြန်​​ဖျော်​​ဖြေပွဲသို့သွားရာ​​လေယာဉ်​​ပေါ်သို့တက်​ရာတွင်​ သူစီးလာခဲ့​သော ဖိနပ်​ ၂ ဖက်​စလုံးအား ချွတ်တက်​​​​ခဲ့သည်​။
ထိုအဖြစ်​အပျက်​ကိုမြင်​​သော​လေယဉ်​အမှုထမ်းများနှင့်​ ခရီးသည်​များက​တေးသံရှင်​ ၀ဏ အား"တောသား” ဟု ၀ိုင်းဝန်း​လှောင်​​ပြောင်​ရယ်​​မောကြ​သော်​လည်း ၀ဏ မှ ပြုံးရွှင်​စွာရီ​မောကာ ပြန်​လည်​ရှင်းပြခဲ့သည်​။
” ဟုတ်​ပါတယ်​.. ကျွန်​​တော်​က ​ဖိနပ်​ချွတ်​တက်​တယ်​ဆိုတာက အ​ကြောင်းရှိပါတယ်​။တွေးကြည့်​​လေဗျာ..လေယဉ်​က​ကောင်းကင်​​ပေါ်က ပျံမှာ​လေ။အောက်​မှာက တန်​ခိုးကြီး ဘုရား​တွေ၊ ဘုန်းကြီးရဟန်းသံဃာ​​ တွေနဲ့ ကိုယ့်​ထက်​အသက်​အရွယ်​ကြီးတဲ့လူကြီး​တွေဗျ။ ​ဟော.. မ​တော်​လို့​ရွှေတိဂုံဘုရားကြီးအ​ပေါ်က ​ကျွန်​​တော်​တို့​လေယဉ်​ပျံဖြတ်​ပျံတယ်ဆိုပါစို့။ ဘယ်​လိုလုပ်​မလဲဗျာ ငရဲကြီးမှာ​ပေါ့။ ကိုယ်​က အမြင့်​မှာ ပြီး​တော့ဖိနပ်​ကြီးနဲ့။ ကျွန်​​တော်​က ဗုဒ္ဓဘာသာဝင်​ပါ။ ဘုရားတရားသံဃာကို အလွန်​ယုံကြည်​​လေးစားတန်​ဖိုးသလို ငရဲကျမှာကိုလည်း​ကြောက်​ပါတယ်​။ ဒါ​ကြောင့်​ ကျွန်​​တော်​က ငရဲမကြီး​အောင်​​လေယဉ်​ပျံ​ပေါ်သို့တက်​တဲ့အခါဖိနပ်​ချတ်​တက်​တာပါ။လေယဉ်​​ပေါ်မှာလည်း ဖိနပ်​ချွတ်​ထားမှာပါ။လေယဉ်​​မြေပြင်​​ပေါ်က​နေ​အောက်ကို ​​ဆင်းမှပဲ ဖိနပ်​ပြန်​စီးမှာပါ…” ဟု​တေးသံရှင်​ ၀ဏ မှပြန်​လည်​​ပြောဆိုခဲ့ပါသည်​။
တေးသံရှင်​ ၀ဏ ၏ ပြန်​လည်​ရှင်းပြချက်​​ကြောင့်​ ခရီးသည်​များနှင့်​​လေယဉ်​အမှုထမ်းများက ၎င်းအား ပြန်​လည်​​တောင်းပန်​ခဲ့​ကြောင်း သိရှိရပါသည်​။
အဆိုပါ ကိစ္စအတွက်​ ရန်​ကုန်​မြို့  အမျိုးဘာသာ သာသနာ ၀န်းရံသူများအဖွဲ့မှ​ခေါင်း​ဆောင်​ ကို​ကျော်​ထွန်းမှလည်း​တေးသံရှင်​ ၀ဏ ၏ လုပ်​ရပ်​အတွက်​မြန်​မာလူမျိုးများကိုယ်​စား ဂုဏ်​ယူမိပြီး​နောင်​တွင်​ မြန်​မာလူမျိုး ဗုဒ္ဓ​ဘာသာဝင်​များ
လေယဉ်​ပျံ​ပေါ်တက်​သည့်​အခါ ဖိနပ်​ချွတ်​၍ တက်​ကြရန်​ လို​ကြောင်း Yangon News သတင်းဌာနသို့​ပြောကြားခဲ့ပါသည်​။
Yangon News
တေးသံရှင် ၀ဏ လေယဉ်ပေါ် ဖိနပ်ချွတ်ပြီးတက်တဲ့ အကြောင်းရင်း ရှင်းပြီ တေးသံရှင် ၀ဏ လေယဉ်ပေါ် ဖိနပ်ချွတ်ပြီးတက်တဲ့ အကြောင်းရင်း ရှင်းပြီ Reviewed by Unknown on April 11, 2017 Rating: 5

No comments:

FBADS

Powered by Blogger.