သင့်ကိုရှိရင်းစွဲအသက်ထက် ပိုငယ်ရွယ်သွားတယ်လို့ ထင်စေတဲ့ တစ်ခုတည်းသောအရောင်

၂၀၁၇အစမှာပဲ ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်ဝတ်စားရမယ်ဆိုတဲ့ အချက်တွေများစွာ ပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ပထမဆုံး အရောင်တွေက လူတစ်ယောက်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေသလဲဆိုတဲ့အကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ သင်က အနက်ရောင်ကို ဆင်မြန်းသွားမယ်ဆိုရင် သာမာန်အချိန်ထက် ပိုစမတ်ကျတယ်လို့ ဘေးလူတွေက ခံစားရပါတယ်။ ဒီလိုပါပဲ ဘယ်အရောင်ဝတ်ရင် သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေတယ်၊ ဘယ်အရောင်ကတော့ဖြင့် ဘယ်လိုဆိုတာတွေထဲကမှ သင့်ကို ရှိရင်းစွဲထက် ပိုမိုငယ်ရွယ်သွားစေတယ်လို့ ထင်ရတဲ့ အရောင်အကြောင်း ပြောပြပေးချင်ပါတယ်။
ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ရော၊ အရောင်တွေနဲ့ပတ်သက်ပြီးတော့ပါ နားလည်သူဖြစ်တဲ့ Kate Smitရဲ့ ပြောကြားချက်အရတော့ စိမ်းပြာရောင်ဟာ သင့်အသားအရေကို ပိုမိုတောက်ပစေပါတယ်တဲ့။ ပိုမိုငယ်ရွယ်ချင်တဲ့စိတ်နဲ ဒီအရောင်ကို မ၀တ်ခဲ့ရင်တောင် အားလုံးရဲ့အမြင်မှာတော့ သင်ဟာရှိရင်းစွဲထက်ကို ပိုငယ်တဲ့ပုံဖြစ်နေပါလိမ့်မယ်။
ကိုယ့်အသားအရေက နည်းနည်းမဲတဲ့ဘက်သွားတယ်ဆိုရင် စိမ်းပြာကို အရမ်းတောက်တာမျိုး မရွေးချယ်ပဲ သိပ်မတောက်တဲ့ စိမ်းပြာရောင်ကို ရွေးချယ်သင့်ပါတယ်။
Ref:shefinds
သင့်ကိုရှိရင်းစွဲအသက်ထက် ပိုငယ်ရွယ်သွားတယ်လို့ ထင်စေတဲ့ တစ်ခုတည်းသောအရောင်
Reviewed by Unknown
on
April 09, 2017
Rating:
No comments: