အေးဂျင့်ကို မင်္ဂလာလက်ဆောင်အဖြစ် ကျွန်းတစ်ကျွန်း လက်ဖွဲ့ ခဲ့တဲ့ Cristiano Ronaldo

ဘောလုံးလောကရဲ့ စူပါအေးဂျင့် Jorge Mendes ဟာ တနင်္ဂနွေနေ့ က ပေါ်တူဂီမှာ လက်ထပ်ခဲ့ပါတယ်။Mendes ဟာ Ronaldo တစ်ယောက် စပို့ တင်းလစ္စဘွန်းကနေ မန်ယူအသင်း ပြောင်းရွှေ့ မှုကော မန်ယူအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ မှု မှာပါ အဓိက တာဝန်ယူခဲ့သူပါ။
အားကစားလောကမှာ ဂုဏ်အရှိန်အ၀ါကြီးမားတဲ့ Jorge Mendes အေးဂျင့်အဖြစ် တာဝန်ယူထားသူတွေထဲမှာ နာမည်ကြီး ကစားသမားတွေ၊ အသင်းနည်းပြတွေဖြစ်တဲ့ Jose Mourinho၊ Angel Di Maria၊ Radamel Falcao နဲ့ James Rodriguez တို့ လည်း ပါဝင်ပါတယ်။
ပေါ်တိုမြို့ မှာ ကျင်းပခဲ့တဲ့ Mendes ရဲ့ လက်ထပ်ပွဲကို Ronaldo နဲ့ အတူ မက်ဒရစ်ကစားဖော်ဖြစ်တဲ့ James Rodriguez ၊ မန်ယူအသင်းနည်းပြဟောင်း Sir Alex Ferguson ၊ ရီးယဲလ်မက်ဒရစ် အသင်းဥက္ကဌ Florentino Perez စတဲ့ အကျော်အမော်တွေ အများအပြား တက်ရောက်ခဲ့ပါတယ်။Ronaldo ဟာ ဒီလက်ထပ်ပွဲမှာ လူပျိုရံ လုပ်ခဲ့ပြီး သူ့ ရဲ့ အကောင်းဆုံးအေးဂျင့် Mendes ကို ကျေးဇူးတုံ့ ပြန်တဲ့ အနေနဲ့ ဂရိကျွန်းတစ်ကျွန်း ၀ယ်ပြီး လက်ဖွဲ့ ပေးခဲ့တယ်လို့ သိရပါတယ်။
Ronaldo တစ်ယောက် ဂရိနိုင်ငံက ရောင်းဖို့ ဈေးကွက်တင်ထားတဲ့ ကျွန်းတွေထဲက ဘယ်ကျွန်းကို ၀ယ်ပေးခဲ့လဲဆိုတာ တိတိကျကျ မသိရပေမယ့် ကျွန်းတစ်ကျွန်းရဲ့ တန်ကြေးဟာ အနည်းဆုံး ယူရို ၃ သန်း ကနေ ယူရို သန်း ၅၀ အထိ ပေါက်ကြေး ရှိတာမို့  ဈေးပေါတဲ့ လက်ဖွဲ့ တော့ မဟုတ်ပါဘူး။Ref: Dailymail
အေးဂျင့်ကို မင်္ဂလာလက်ဆောင်အဖြစ် ကျွန်းတစ်ကျွန်း လက်ဖွဲ့ ခဲ့တဲ့ Cristiano Ronaldo
Reviewed by Unknown
on
April 09, 2017
Rating:
No comments: