တရားမဝင် မြန်မာ့ကျွန်းသစ်တွေရဲ့ ရွက်လွှင့်ခရီး

ဇိမ်ခံ စက်တပ်ရွက်သင်္ဘော Sailing Yacht A ဒိန်းမတ်နိုင်ငံ Elsinore ဒေသမှ ဖြတ်သန်းသွားစဉ် ( AFP/Getty Images)
ဂျာမနီနိုင်ငံက သင်္ဘောကျင်းတစ်ခုဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် စူပါဇိမ်ခံရွက်လှေတစ်စီးကို တည်ဆောက်ရာမှာ တရားမဝင် မြန်မာ့ကျွန်းသစ်တွေကို အသုံးပြုခဲ့ကြောင်း ဂျာမန်ဥပဒေအရာရှိတစ်ယောက်က ထုတ်ဖော် ပြောကြားပါတယ်။ ပြည်သူ့အကျိုး စီးပွားကာကွယ်မှုအထူးပြုရှေ့နေဖြစ်တဲ့ အေဆဲလ်ဘိုင်လာက အိုင်ဒါမြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့နိုဘစ္စရက်ခ် သင်္ဘောကျင်းဟာ ရုရှားဘီလျံနာသူဌေးကြီး တစ်ဦးမှာယူတဲ့ ရွက်လှေကို တည်ဆောက်ချိန်မှာ တရားမဝင် ကျွန်းသစ်တွေကိုအသုံးပြုခဲ့တာ ဖြစ် တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဘိုင်လာရဲ့ အဆိုအရ ပြုန်းတီးမှုအန္တရာယ်ကြုံနေရတဲ့ သစ် တောတွေကနေ သစ်ထုတ်ပြီး ပြည်ပကို တင်ပို့မှုကြောင့် အခုနှစ်အစောပိုင်းမှာ ပိတ်ဆို့အရေး ယူခံထားရတဲ့ မြန်မာကုမ္ပဏီ တစ် ခုဟာ Sailing Yacht A တည်ဆောက်ရာမှာ လိုအပ်တဲ့ ကျွန်းသစ်တွေကို ထောက်ပံ့ဖြည့်ဆည်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသစ်တွေကို နိုဘစ္စရက်ခ် သင်္ဘောကျင်းက အသုံးပြုခဲ့တာပါ။

ပဲခူးတိုင်းတွင် တစ်ချိန်က ကျွန်းသစ်များ ပေါက်ရောက်ခဲ့သောနေရာကို တွေ့ရစဉ် (Getty)
သစ်အမျိုးအစား ခွဲခြားလေ့ လာတဲ့ ပညာရှင်တွေဟာ Sailing Yacht Aမှာ ပါရှိတဲ့ သစ်နမူနာ တွေကို ဆန်းစစ်လေ့လာခဲ့ပါ တယ်။ ၁၄၃ မီတာ ရှည်လျားပြီး မော်တာအထောက်အပံ့နဲ့ မောင်း နှင်တဲ့ ဇိမ်ခံရွက်လှေကြီးဟာ အမျိုးအစားတူ ရေယာဉ်တွေထဲမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဖြစ်ပါတယ်။
ပညာရှင်တွေက သစ်နမူနာ တွေကို စစ်ဆေးတဲ့ အဖြေအရ တရားဝင်ခွင့်ပြုထားတဲ့ ကျွန်းစိုက် ခင်းတွေက ရလာတဲ့ သစ်တွေ မဖြစ်နိုင်ဘူးလို့ အကဲဖြတ်ခဲ့ပါ တယ်။
အဲဒီအစား Sailing Yacht Aမှာ ပါရှိတဲ့ သစ်တွေဟာ အပူပိုင်း ဒေသ မြန်မာနိုင်ငံက ထွက်ရှိတဲ့ သစ်မာတွေဖြစ်မယ်လို့ တစ်ပါ တည်း မှတ်ချက်ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အရိုင်း တုံးတွေ တင်ပို့ခွင့်ကို အစိုးရ ပိတ်ပင်ထားပေမယ့် ခုတ်လှဲမှုတွေ ဆက်လက် ဖြစ်ပွားနေခြင်းက စိုး ရိမ်ဖွယ်ရာ အတိုင်းတာလောက် ရှိလိမ့်မယ်လို့ပါ ဘိုင်လာက DPA သတင်းဌာနကို ပြောပါတယ်။
မြန်မာဟာ ကျွန်းသစ်တွေ သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်တဲ့ ရှားရှားပါးပါး ကမ္ဘာ့နိုင်ငံလေးခုမှာ အပါအဝင် ဖြစ်ပါ တယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်က စလို့ ပျမ်းမျှ သစ်တောမြေဧက ၁ ဒသမ ၃ သန်းလောက် နှစ်စဉ်
ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ဇိမ်ခံရွက်လှေကြီးမှာ အသုံး ပြုထားတဲ့ သစ်တွေကို ဘယ်နေ ရာက ခုတ်ယူလာသလဲ ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ဘိုင်လာက ပြောပါတယ်။ အဲဒီ သစ်တွေကို အစိုးရထိန်းချုပ်မှု ဆက်စပ်ပါဝင်တဲ့ မြန်မာ့သစ်လုပ် ငန်း (MTE)က စပိန်ကုမ္ပဏီ Teak Solutionsကို တစ်ဆင့်ခံ ရောင်းချ ခဲ့တယ်လို့ ဆိုတယ်။ ဒါကို သင်္ဘောကျင်းဘက်က သိပြီးသားဖြစ်လိမ့် မယ်လို့ ဘိုင်လာက ပြောပါတယ်။
တရားမဝင် ခုတ်လှဲထားတဲ့ ကျွန်းသစ်တွေ တင်ပို့မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အချက်ပေး ခေါင်းလောင်းထိုးခဲ့တာက ဗြိတိန် အခြေစိုက် အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းလေ့လာရေး အေဂျင်စီ (EIA) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ နှစ်လကြာ ခြေရာခံ စုံစမ်းမှုတွေကို အခြေတည်ပြီး Teak Solutionsနဲ့ တခြား ဥရောပသစ်ကုမ္ပဏီ ရှစ်ခု တို့ဟာ သူတို့တင်သွင်းနေတဲ့ သစ် တွေရဲ့ မူလရင်းမြစ်ဇာတိကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခဲ့ ကြောင်း EIAက ထုတ်ဖော်စွပ်စွဲ ခဲ့ပါတယ်။
အဲဒီအချိန်က EIAရဲ့ ထုတ် ပြန်ချက်မှာ Sailing Yacht A တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထည့် သွင်းဖော်ပြထားပါတယ်။ ထုတ် ပြန်ချက်မှာ ‘EIA အနေနဲ့ ရွက်လှေ တည်ဆောက်မှုမှာ အသုံးပြုထား တဲ့ ကျွန်းသစ် အစိတ်အပိုင်း ၁,၂၇၈ ခု၊ တန်ဖိုးအားဖြင့် ယူရို ၁၇၄,၇၅၀ (ဒေါ်လာ ၁၈၆,၀၀၀)ကို ဆန်းစစ်ခဲ့ကြောင်း၊ အဲဒီထဲမှာ Teak Solutionsက တစ်ဆင့်ခံ ရောင်းချထားတဲ့ မြန်မာ့ကျွန်းသစ် တွေ ပါဝင်ကြောင်း၊ အဲဒီကျွန်းသစ် တွေ တင်ပို့မှုဟာ ဥရောပသမဂ္ဂရဲ့ သစ်မူဝါဒ (EUTR)တွေကို တိုက် ရိုက်ချိုးဖောက်ထားကြောင်း’ ပါ ရှိနေပါတယ်။
‘‘ကုမ္ပဏီကိုးခုစလုံးဟာတင်သွင်းလာတဲ့ ကျွန်းသစ်တွေရဲ့ မူလရင်းမြစ်ကိုပြသဖို့ ပျက်ကွက်ခဲ့တယ်။ သက်ဆိုင်ရာ သစ်တော တွေမှာ သစ်ခုတ်တာ၊ သစ်ထုတ် တာနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ရထားတဲ့ သစ်တွေအဖြစ် ရှင်းရှင်း လင်းလင်း မပြသနိုင်ပါဘူး’’လို့ ဆိုပါတယ်။
Teak Solutions ဟာ မြန်မာအစိုးရလက်အောက်မှာ ရှိနေတဲ့ သစ်ကုမ္ပဏီ MTE ကနေ အဲဒီ ကျွန်းသစ်တွေကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ MTE ဟာ ထုတ် လုပ်မှုရင်းမြစ်နဲ့ပတ်သက်လို့ သံသယ ဖြစ်လောက်စရာ သစ်တွေကို တင်ပို့မှုအတွက် သိပ်မကြာ ခင်က ဒိန်းမတ်မှာ အရေးယူပိတ် ပင်မှုတွေ ခံထားရပါတယ်။
အဲဒီတုန်းကတော့ Teak Solutions ရဲ့ အမှုဆောင်ချုပ် မိုက်ခ်ကင်းဘဲလ်က မြန်မာနိုင်ငံ ဘက်မှာ သူတို့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီက တင်သွင်းမှုတွေဟာ တရားဝင်ဖြစ်တယ်လို့ Der Spie-gel သတင်းစာကို ပြောကြားခဲ့ဖူးပါတယ်။ သူက MTE နဲ့ အလုပ်တွဲလုပ်ရတာဟာ စိတ်အချရဆုံး နည်းလမ်းဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
နိုဘစ္စရက်ခ် သင်္ဘောကျင်း ကတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အပြည့်အဝ ပူးပေါင်းကူညီသွားမှာ ဖြစ်သလို အ
ခုလို စစ်ဆေးဖော်ထုတ်မှုတွေကို ထောက်ခံကြောင်း ဒေသတွင်း သတင်းစာတစ်စောင်ကို အသိ ပေးခဲ့ပါတယ်။ ပြီးတော့ လက်ရှိ ကြုံနေရတဲ့ စွပ်စွဲချက်တွေကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားစေလို ကြောင်း၊ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုး ရေးနဲ့ အစားအသောက်ကွပ်ကဲ ရေးအေဂျင်စီက အလားတူ စွပ် စွဲချက်မျိုးနဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖူး ပေမယ့် အခုအခါ ရပ်ဆိုင်းလိုက် ကြောင်း သင်္ဘောကျင်းဘက်က ဆိုတယ်။ လောလောဆယ်တော့ ဘိုင်လာ ဦးဆောင်တဲ့ ရာဇဝတ် ကြောင်းစုံစမ်းမှုတွေကတော့ ရှေ့ ဆက်နေဆဲပါ။
မြန်မာနိုင်ငံရဲ့ သစ်တောဖုံး လွှမ်းမှု ဧရိယာဟာ ၂၀၁၀ ကနေ၂၀၁၅ အတွင်း ပျမ်းမျှ တစ်နှစ်ကို ၂ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပါ တယ်။ ငါးနှစ်အတွင်း မြန်မာ့သစ် တောမြေ စုစုပေါင်းရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းလောက် ပျောက်သွား တဲ့ သဘောပါ။
မတ်လတုန်းကတော့ MTE က တရားမဝင် သစ်ခုတ်မှုတွေနဲ့ ဆက်စပ် ကုန်သွယ်ရောင်းဝယ်မှုတွေကို ကိုင်တွယ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။
အပူပိုင်း သစ်မာတစ်မျိုးဖြစ် တဲ့ ကျွန်းသစ်တွေဟာ ရေယာဉ် တည်ဆောက်တဲ့ ဗိသုကာတွေအ တွက် ဆုလာဘ်တစ်ခုပမာယူဆ လေ့ရှိတဲ့ ပစ္စည်းပါ။ ကျွန်းသစ်ရဲ့ ဂုဏ်ရည်တွေက အင်မတန် မာကျောခြင်း၊ ကိုင်တွယ်ပုံသွင်းရ လွယ်ကူခြင်း၊ ဆွေးမြည့်ဟောင်း နွမ်းမှုဒဏ်ခံနိုင်ခြင်းနဲ့ အကျုံ့အပွ မရှိခြင်းတို့ ဖြစ်ပါတယ်။
Sailing Yacht A ကို တည် ဆောက်ရာမှာ ခန့်မှန်းတန်ဖိုး အနည်းဆုံး ယူရို ၄၀၉ သန်းကျော် (ဒေါ်လာ ၄၃၃ သန်းကျော်) ကုန်ကျလိမ့်မယ်လို့ သိရပါတယ်။ ဒီရွက်လှေကြီးကို တည်ဆောက် ပေးဖို့ ရုရှားဘီလျံနာသူဌေးကြီး အန်ဒရီအိုင်ဂိုဗစ်ခ်ျမယ်လ်နစ်ချန် ကိုက မှာယူခဲ့တာ ဖြစ်ပါတယ်။ သူဌေးကြီးဟာ စွမ်းအင်နဲ့ ဓာတ် မြေဩဇာကုမ္ပဏီ အမြောက်အ မြား ပိုင်ဆိုင်ထားပါတယ်။
မယ်လ်နစ်ချန်ကိုရဲ့ အသား တင်ကြွယ်ဝချမ်းသာမှုဟာ ယူရို ၁၂ ဒသမ ၆၅ ဘီလီယံ (ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ)လောက် ရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ သူဌေးကြီးက A ဆိုတဲ့ စကားလုံး ကို အမည်ပေးဖို့ လိုလားခြင်းက တော့ ရေယာဉ်တွေကို မှတ်ပုံတင် ချိန်မှာ အင်္ဂလိပ်အက္ခရာ A က ရှေ့ဆုံးမှာ နေရာရတာကြောင့် ဖြစ်ပါတယ်။ မယ်လ်နစ်ချန်ကိုမှာ ပြင်သစ်ဒီဇိုင်းပညာရှင် ဖိလစ်ပီ စတာ့ခ် ဖန်တီးပေးထားတဲ့ တခြား ရွက်လှေတစ်စီး ရှိပါသေးတယ်။ အဲဒီရွက်လှေကို Motor Yacht A လို့ နာမည်ပေးထားတယ်။
နိုဘစ္စရက်ခ် သင်္ဘောကျင်း ရဲ့ ဝက်ဘ်ဆိုက်မှာ Sailing Yacht Aဟာ အထပ်ရှစ်ထပ်ဖွဲ့စည်းထား ပြီး မော်တာအထောက်အပံ့နဲ့ မောင်းနှင်တဲ့ စူပါရွက်လှေတွေထဲ မှာ ခေတ်အမီဆုံး လက်ရာတစ်ခုလို့ ညွှန်းဆိုဖော်ပြထားပါတယ်။ ပင်လယ်ကူး ခရူဇာသင်္ဘောကြီး တစ်စီးလို ကြီးမားခံ့ထည်တဲ့ ဇိမ်ခံ ရွက်လှေပေါ်မှာ ရေကူးကန်၊ ရဟတ်ယာဉ်ဆင်းကွင်း၊ ရေအောက်ရှုခင်းတွေ ကြည့်ရှုနိုင်တဲ့ ဖန်လုံခန်းဧရိယာတွေ ထည့်သွင်း တည်ဆောက်ထားတယ်။
ရွက်လှေပိုင်ရှင် မယ်လ်နစ် ချန်ကိုရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တစ်ယောက်ကတော့ Sailing Yacht A မှာ လူအများစိတ်ဝင်စားစေမယ့် ထင်ထင်ရှားရှား အရှုပ် အထွေးတစ်ခု လာဖြစ်နေတာကို စိတ်ပျက်ကြောင်း၊ ဒါပေမဲ့ အခု ကိစ္စဟာ ရွက်လှေရော ရွက်လှေ ပိုင်ရှင်နဲ့ပါ ဘယ်လိုမှ မသက်ဆိုင် ကြောင်း ဖြေရှင်းပါတယ်။ သူက ‘‘တကယ်က ကမ္ဘာပေါ်မှာရှိသမျှ စူပါရွက်လှေတိုင်းမှာ မြန်မာ့ကျွန်းသစ်တွေ ထည့်သုံးထားတယ်လို့ တောင် ဆိုနိုင်တယ်။ အခုကိစ္စက တော့ သင်္ဘောကျင်းနဲ့ ကျွန်းသစ် တင်သွင်းတဲ့ ကုမ္ပဏီပဲ ဖြေရှင်းရပါလိမ့်မယ်’’လို့ ပြောကြားပါ တယ်။
(Independent သတင်းဌာန၏ One of world's biggest super-yachts 'built using illegal Burmese timber'ဆောင်းပါးကို ပြန်ဆိုသည်။)
တရားမဝင် မြန်မာ့ကျွန်းသစ်တွေရဲ့ ရွက်လွှင့်ခရီး
Reviewed by Unknown
on
April 10, 2017
Rating:
No comments: