သမီးရဲ့အလောင်းကို သေတ္တာထဲမှာထည့်ပြီး ပင်လယ်ထဲ မျှောခဲ့သည့်မိခင်
Katerina Laktionova ဟာ ယခင်က မော်ဒယ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့၊ သေဆုံးချိန်မတိုင်ခင်မှာ Anorexia (အစားအစာရှောင်ရင်း အာဟာရပျက် ပိန်လှီစေသောရောဂါ)ခံစားနေရသူဖြစ်ပါတယ်။ သူမရဲ့ အလောင်း ကို သေတ္တာထဲမှာ ထည့်ပြီး မိခင်က ပင်လယ်ထဲကို မျှောခဲ့ပါတယ်။ ကာယကံရှင် မိခင်ဖြစ်သူရဲ့ နာမည်ကိုတော့ သတင်းစာ တွမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ပင်လယ်ထဲ မျှောခဲ့ရတဲ့ အကြောင်းပြချက်ကတော့ ဆုံးရှုံးသွားတဲ့ အရာတစ်ခုကို ကြာရှည်မဆုပ်ကိုင်ချင်လို့-ဟု ဆိုပါတယ်။
Katerina တို့ မိသားစုဟာ အီတလီမှာနေထိုင်ကြပြီး၊ သူမရဲ့အသက် 48 နှစ်အရွယ် မိခင်ကတော့ သူနာပြုဆရာမအဖြစ် အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ သေဆုံးချိန်မှာ Katerina အစာ အစာအာဟာရ လွန်မင်းစွာ ချို့တဲ့ခဲ့ပုံရပါတယ်။ သူမရဲ့အလောင်းကို ပင်လယ်ထဲမှာ မမျှောခင် မိခင်ဖြစ်သူဟာ တစ်ပတ်လောက် ထိန်းသိမ်းထားခဲ့ပါသေးတယ်။
အဲဒီနောက်မှာ အလောင်းကို အ၀တ်အစားထည့်တဲ့ ခရီးဆောင်အိတ်သေတ္တာထဲမှာ မဆန့်မပြဲထိုးသိပ်ထည့်ပြီး ပင်လယ်ထဲ ကို မျှောခဲ့တာပါ။ ယင်းနောက် ဇာတိရုရှနိုင်ငံကို တိတ်တဆိတ် ပြန်သွားခဲ့ပါတယ်။ ရုရှုကို ပြန်ရောက်ရောက်ချင်းမှာပဲ သူငယ်ချင်းဖြစ်သူကို ” ငါကတော့ ကံဆိုးမိုးမှာင်ကျပြီး ရူးတော့မှာပဲ”လို့ ညည်းတွားခဲ့ပါတယ်။
Katerina ဟာ မော်ဒယ်တစ်ယောက်ဖြစ်သူပီပီ ကိုယ်အလေးချိန်တက်မှာစိုးလို့ အစားရှောင်ရင်း Anorexia ရောဂါ ကြောင့် နောက်ဆုံးမှာ အားပြတ်သေဆုံးခဲ့ပုံရပါတယ်။ သူမရဲ့အလောင်းကို Rimini ပင်လယ် ပြင်မှာ အီတလီ တံငါသည် တစ်ချို့ က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူက ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားသူငယ်ချင်းတစ်ယောက်ကို ” သူ ဆုံးသွားပြီ … ငါ နေ့ပေါင်းများစွာ စောင့်
ကြည့်နေခဲ့တယ် … အဲဒီနောက်တော့ ငါလည်း ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့လောက်အောင် စိတ်ရှုပ်ထွေးခဲ့ရတယ် … သူ့ကို ရေထဲကို မျှော်လိုက်ပြီ “လို့ ပြောခဲ့ပါတယ်။
မိခင်ဖြစ်သူက နေအလွန်မကောင်းဖြစ်နေတဲ့ သမီးကို ရုရှကိုခေါ်ပြီးဆေးကုဖို့ ဆန္ဒရှိနေပါတယ်။ ထိုစဉ်က Katerina ရဲ့ ကိုယ်အလေးချိန်ဟာ 5.5 စတုံသာ ရှိပါတော့တယ်။ သေဆုံးချိန်မှာ အရိုးပေါ်အရေတင်နေပါပြီ။ လက်ရှိအချိန်ထိတော့ အီတလီရဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ အာဟာရချို့တဲ့သေဆုံးကြောင်း ဆေးအတည်ပြုချက်ရရှိထားပြီမို့ မိခင်ကိုတော့ အရေးယူဖို့ မရှိဘူးလို့ သုံးသပ်ရပါတယ်။
Source : The Sun
Credit : Shwemom
သမီးရဲ့အလောင်းကို သေတ္တာထဲမှာထည့်ပြီး ပင်လယ်ထဲ မျှောခဲ့သည့်မိခင်
Reviewed by Unknown
on
April 09, 2017
Rating:
Reviewed by Unknown
on
April 09, 2017
Rating:





No comments: