https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

နှစ်၂၀၀၀ သက်တမ်းရှိ နာမည်ကျော် အပျိုစင် ၂ ဦးရုပ်ကြွင်း အမျိုးသားများ ဖြစ်နေ





အီတလီနိုင်ငံ ပွန်(မ်)ပီး ရှေးဟောင်းမြို့တော်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က မီးတောင်ပေါက်ကွဲမှုအတွင်း အခန်းတံခါးပိတ် ပွေ့ဖက်သေဆုံးခဲ့ကြပြီး အခုချိန်အထိ မပျက်စီးသေးတဲ့ နာမည်ကျော် “ပွန်(မ်)ပီးရဲ့အပျိုမ ၂ ယောက်” ဆိုတဲ့ရုပ်ကြွင်းဟာ မိန်းကလေးရုပ်ကြွင်းတွေမဟုတ်ပဲ အမျိုးသားရုပ်ကြွင်းတွေ ဖြစ်နေတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါတယ်။

သုတေသီတွေက အရိုးတွေနဲ့ သွားတွေကို အသုံးပြုပြီး တစ်ဦးက အသက် ၁၈ နှစ်အရွယ်ဖြစ်ပြီး နောက်တဦးက အသက် ၂၀ အရွယ် အမျိုးသားရုပ်ကြွင်းတွေလို့ ရှာဖွေတွေ့ရှိခဲ့တာပါ။

ကမ္ဘာ့အကျော်ကြားဆုံး ရှေးဟောင်းသုတေသနဌာနက အထွေထွေအုပ်ချုပ်ရေးမှူး မာစီမိုအိုဆန်နာက “ပွန်(မ်)ပီးရှေးဟောင်းမြို့လေးက အံ့သြစရာတွေ မကုန်နိုင်ဘူး” လို့ တယ်လီဂရက်ဖ်သတင်းဌာနကို ပြောပါတယ်။

“ကျနော်တို့ အမြဲတမ်းစိတ်ကူးတာက ပွေ့ဖက်မှုက အမျိုးသမီးတွေပဲ ဖြစ်မယ်လို့လေ။ ဒါပေမယ့် စီအေတီစကန်နဲ့ ဒီအန်အေစစ်ဆေးချက်က ရုပ်ကြွင်းတွေဟာ အမျိုးသားတွေဖြစ်တယ်ဆိုတာကို ပြနေတယ်။ ဒီအမျိုးသား ၂ ဦးက ချစ်သူတွေလားဆိုတာတော့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားကိုကြည့်ပြီး ခင်ဗျားအနေနဲ့ ခန့်မှန်းနိုင်ပါတယ်။ သေချာပေါက်ပြောဖို့တော့ ခက်ပါတယ်” လို့ မာစီမိုအိုဆန်နာက ပြောပါတယ်။

အေဒီ ၇၉ ရာစုနှစ် ဗက်စူဗီရက်စ်မီးတောင်ပေါက်ကွဲမှုက ပွန်(မ်)ပီး ရှေးဟောင်းရောမမြို့ရဲ့ နေရာအများစုကို ဖျက်ဆီးလိုက်ပြီး မြို့က ၁၃ ပေမှ ပေ ၂၀ လောက်ရှိတဲ့ မီးတောင်ပြာတွေနဲ့ ဖုံးလွှမ်းသွားခဲ့တာပါ။

ပျက်စီးနေတဲ့ ပွန်(မ်)ပီးမြို့ကို ၁၆ ရာစုနှစ်မှာ ပထမဦးဆုံး ရှာဖွေတွေ့ခဲ့ပြီး ရှေးဟောင်းအနုပညာလက်ရာတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။

အခုအချိန်မှာ ပွန်(မ်)ပီးမြို့က ခရီးသွားဧည့်သည်တွေ လာရောက်ရာမြို့ဖြစ်နေပြီး တစ်နှစ်ကို ဧည့်သည် ၂.၅ သန်း က ရောမဟန် ဈေးဆိုင်တွေ၊ အိမ်တွေ၊ ရေကူးကန်တွေကို လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။

ပွန်(မ်)ပီးရှေးဟောင်းမြို့လေးက ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်တယ်လို့လည်း သိရပါတယ်။

Source : DVB

နှစ်၂၀၀၀ သက်တမ်းရှိ နာမည်ကျော် အပျိုစင် ၂ ဦးရုပ်ကြွင်း အမျိုးသားများ ဖြစ်နေ နှစ်၂၀၀၀ သက်တမ်းရှိ နာမည်ကျော် အပျိုစင် ၂ ဦးရုပ်ကြွင်း အမျိုးသားများ ဖြစ်နေ Reviewed by Unknown on April 09, 2017 Rating: 5

No comments:

FBADS

Powered by Blogger.