https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

အိန္ဒိယ ဘေးမဲ့တောတစ်ခုတွင် မျောက်တွေနဲ့ အတူနေထိုင်သည့် မျောက်လူမိန်းကလေးတွေ့ရှိ (ရုပ်သံ)


ဗီဒီယိုကို အောက်မှာနှိပ်ကြည့်ပါ


အိန္ဒိယနိုင်ငံ သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောတခုထဲမှာ မျောက်တွေနဲ့အတူ နေထိုင်ခဲ့တဲ့ ထူးဆန်းတဲ့ မျောက်လူမိန်းကလေးတဦးကို တွေ့ရှိခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဧပြီ ၆ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၈ နှစ်အရွယ်ရှိတဲ့ အဲဒီမိန်းကလေးကို အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကတာ နီရာဂတ်တ် သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး သူဟာ လူတွေလို စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဘူးလို့ ဆိုပါတယ်။

သူဟာ မျောက်တွေလိုပဲ လေးဘက်ထောက် လျှောက်သွားနေခဲ့ပြီး အတူရှိနေခဲ့တာကို အော့တ်ဝါပရာဒေ့ရှ်ပြည်နယ် ရဲတပ်ဖွဲ့ ကင်းလှည့်စစ်ဆေးချိန်မှာ တွေ့ရှိခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးအရာရှိ ဆူရက်ရှ် ရာဒက်ဗ်က အဲဒီမိန်းကလေးကို တွေ့ချိန်မှာ သူဟာ မျောက်တွေလိုပဲ စူးစူးဝါးဝါး အော်ဟစ်နေခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီမိန်းကလေးဟာ ဘယ်ကဖြစ်တယ်ဆိုတဲ့ နောက်ကြောင်းဇာစ်ဖြစ်ကို စုံစမ်းစစ်ဆေးနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ်မှာတော့ သူ့ကို နာမည်ကျော်ပုံပြင်စာအုပ်ထဲက တောတွင်း မောဂလိမိန်းကလေးလို့ တင်စားနေကြပြီး လူသိများနေခဲ့တာပါ။

အဲဒီမိန်းကလေးကို လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသစစ်ဆေးနေပြီး သူဟာ ခုချိန်ထိ လူတွေနဲ့ တွေ့ဆုံရမှာကို ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

Source : DVB
အိန္ဒိယ ဘေးမဲ့တောတစ်ခုတွင် မျောက်တွေနဲ့ အတူနေထိုင်သည့် မျောက်လူမိန်းကလေးတွေ့ရှိ (ရုပ်သံ) အိန္ဒိယ ဘေးမဲ့တောတစ်ခုတွင် မျောက်တွေနဲ့ အတူနေထိုင်သည့် မျောက်လူမိန်းကလေးတွေ့ရှိ (ရုပ်သံ) Reviewed by Unknown on April 09, 2017 Rating: 5

No comments:

FBADS

Powered by Blogger.