မန္တလေးတွင် အမျိုးသမီးကြီးတစ်ဦး အိမ်၌ တစ်ဦးတည်းရှိနေစဉ် အသတ်ခံရ ..!
![]() |
| အခင်းဖြစ်ပွားသည့်နေအိမ်သို့ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများလာရောက် စစ်ဆေးစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်) |
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ လမ်း ၃၀ နှင့် ၃၁ လမ်းရှိ နေအိမ်တွင် အသက် (၆၀) အရွယ်ရှိ အမျိုးသမီးတစ်ဦးသည်လည်ပင်း၌ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ အမျိုးသမီးသည် ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် အသတ်ခံရကြောင်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ပြောသည်။
‘‘သေဆုံးသူ ဒေါ်ရီမြင့်က အသက် (၆၀) ရှိပြီပြောတယ်။ စခန်းကို အကြောင်းကြားလို့ လာကြည့်တာပါ။ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းနေတယ်။ သဲလွန်စရှာနေတယ်။ မှုခင်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ဆောင်ရွက်နေတယ်’’ဟု ၎င်းက ဆိုသည်။
ဒေါ်ရီမြင့်သည် နေအိမ်တွင် တစ်ဦးတည်းရှိနေချိန်၌ အသတ်ခံရပြီး နေအိမ်ဧည့်ခန်းမှ နောက်ဖေးမီးဖိုခန်းသို့ ၎င်းကို တရွတ်တိုက်ဆွဲခေါ်သည့် သွေးကွက်များတွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသမီးသည် အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီးအခင်းဖြစ်ပွားရာ နေအိမ်၌ ၎င်းအပါအ၀င် မိသားစု သုံးဦးခန့်နေထိုင်လျက်ရှိသည်။
‘‘နေ့ခင်း ၁နာရီလောက်က ဖြစ်မယ်။ တော်တော်လေး ဆိုးဆိုးရွားရွားအော်သံကြီးကြားရတယ်။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အိမ်ကလည်း ကြားတယ်။ ထွက်တော့မကြည့်မိဘူး’’ဟု အခင်းဖြစ်သည့် နေအိမ်အရှေ့မှ အမျိုးသားတစ်ဦးက ပြောသည်။ ဒေါ်ရီရီမြင့်၏ အလောင်းကိုမန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးနေကာ အမှတ် (၈) နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးရန် ဆောင်ရွက်နေသည်။
မန္တလေးတွင် အမျိုးသမီးကြီးတစ်ဦး အိမ်၌ တစ်ဦးတည်းရှိနေစဉ် အသတ်ခံရ ..!
Reviewed by Unknown
on
April 09, 2017
Rating:
Reviewed by Unknown
on
April 09, 2017
Rating:

No comments: