https://dtrk.slimcdn.com/directclick/?aid=258129&wsid=[ws_id]

ငဝန်မြစ်ထဲက စက်လှေနစ်မြုပ်မှု ၃၁ ဦးအသက်ရှင်၊ ၂၂ ဦးအလောင်းတွေ့ရှိထား ..!

ဒီနေ့ည ၇ နာရီလောက်ကဖြစ်ပွားခဲ့တဲ့  ပုသိမ်မြို့ ငဝန်မြစ်ထဲမှာ စက်လှေနဲ့ ကျောက်တင်သင်္ဘောတိုက်မှုမှာ အသက်ရှင်သူ ၃၁ ဦးရှိပြီး သေဆုံးသူ ၂၂ ဦးအလာင်းကို တွေ့ရှိထားကာ  ပျောက်ဆုံး ၁၀ ဦးကျော် ရှိနိုင်တယ်လို့ သိရပါတယ်။

နှစ်မြုပ်သွားတဲ့ စက်လှေမှာ စုစုပေါင်း ခရီးသည် ၆၀ ဦးကျော် ပါဝင်မယ်လို့ ခန့်မှန်းထားကြောင်း စက်လှေနစ်မြုပ်မှုဖြစ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကူညီလုပ်ကိုင်ခဲ့တဲ့ ပုသိမ်ဒေသခံတစ်ဦးဖြစ်သူ ဦးသက်မျိုးမင်းက စံတော်ချိန်သတင်းဌာနကို ပြောပါတယ်။

"အသက်ရှင်လျက် ၃၁ ဦးကို ကယ်တင်လိုက်နိုင်ပါတယ်။ ၂၂ ဦးရဲ့ရုပ်အလောင်းကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်။ အသက်ရှင်သူ ၃၁ ဦးထဲမှာ ဖြစ်ဖြစ်ချင်း ၂၂ ဦးကိုဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောကျင်းဘက်ကနေ ကိုးဦးကို ဆယ်နိုင်ခဲ့ပါတယ်"လို့ ဦးသက်မျိုးမင်းက ပြောပါတယ်။




ငပုတောမြို့နယ်ဘက်ကနေ မင်္ဂလာဆောင်လာတဲ့ ငွေကြယ်ပွင့်အမည်ရှိ စက်လှေတစ်စင်းက လူပေါင်း ၈၀ ပတ်ဝန်းကျင်ကို တင်ဆောင်လာပြီး ပုသိမ်မြို့ င၀န်မြစ်  ပုသိမ်တမံချောင်းကမ်းနားမှာ ကျောက်တင်သင်္ဘောတစ်စင်းနဲ့တိုက်မိကာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒီနေ့ည ၉ နာရီအချိန်အထိ ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒေသခံ ပရဟိတအဖွဲ့တွေနဲ့ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့ တို့ က အလောင်းတွေနဲ့ အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်နေတယ်လို့ သိရပါတယ်။
ငဝန်မြစ်ထဲက စက်လှေနစ်မြုပ်မှု ၃၁ ဦးအသက်ရှင်၊ ၂၂ ဦးအလောင်းတွေ့ရှိထား ..! ငဝန်မြစ်ထဲက စက်လှေနစ်မြုပ်မှု ၃၁ ဦးအသက်ရှင်၊ ၂၂ ဦးအလောင်းတွေ့ရှိထား ..! Reviewed by Unknown on April 09, 2017 Rating: 5

No comments:

FBADS

Powered by Blogger.